Sunday, August 21, 2016

5G networks နှင့် စက်မှုလုပ်ငန်းများရဲ့ အနေအထား

5G network ကွန်ယက်ဟာ မိုဘိုင်းလ်နည်းပညာအတွက် အရေးပါတဲ့ နောက်ထပ်တော်လှန်ရေး တစ်ရပ်ဖြစ်ပြီး ပိုမိုမြန်ဆန်တဲ့ ဒေတာပေးပို့ နိုင်မှုများ ၊ စက်မှုလုပ်ငန်းသုံး အက်ပလီကေးရှင်းသစ်များအတွက် အခန်းတစ်ရပ် ဖွင့်လှစ်ပေးလိုက်တာ ဖြစ်ပြီး ကျယ်ကျယ်ပြန်နဲ့ ချိတ်ဆက်သွားနိုင်မယ့် စမတ်ဖုန်း မြို့ တော်  တွေဖြစ်လာဖို့ တောင် အကူအညီပေးနိုင်သွားမယ်လို့  မျှော်လင့်ခန့် မှန်းထားပါတယ်။ ဒီကွန်ယက်ဟာ တစ်စ ထက် တစ်စ တိုးတက်များပြားလာတဲ့ နည်းပညာလောကကြီးမှာ ပိုမိုကောင်းမွန်တဲ့ ဆက်သွယ်မှုတွေ ရရှိဖို့   အရေးပါတဲ့ နောက်ထပ်ခြေလှမ်းတစ်ရပ်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီလို အနေအထားတွေ အကောင် အထည် မပေါ်မီမှာတော့ သတင်းအချက်အလက် စုဆောင်းရာမှာ အခက်အခဲတွေနဲ့ ငြီးငွေ့ စိတ်ပျက်စရာတွေ အများကြီး ကျန်နေဦးမှာပါ။
ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ကုမ္ပဏီနဲ့ အစိုးရတွေဟာ 5G မိုဘိုင်းလ်ကွန်ယက်တွေကို အားလုံး အသုံးပြုလို့ ရ တဲ့ အခြေအနေ ရရှိအောင် ကြိုးပမ်းနေကြပါတယ်။ လက်ရှိစက်မှုလုပ်ငန်းအနေအထားနဲ့  ရှေ့ ကို ဘယ်လို ဆက် သွားဖို့ ရှိတယ်ဆိုတာကို ခန့် မှန်းထားပါတယ်။

5G နက်ဝါ့ခ်အကြောင်းနဲ့  5G သုတေသနမှာ ရင်းနှီးမြှပ်နှံမှုများအကြောင်း ပြောထားပေမယ့် ဒီနည်းပညာဟာ တကယ်တော့ တကမ္ဘာလုံးမှာ သီးသန့် သတ်မှတ်ချက်ရယ်တော့ မဟုတ်သေးပါဘူ။ International Telecommunications Union (ITU) နှင့် Next Generation Mobile Networks Alliance (MGMN Alliance) လို အဖွဲ့ အစည်းတွေဟာ 5G networks အတွက် စံလိုအပ်ချက်တွေနဲ့ လာပေမယ့်  ဒေသတွင်း တစ်ပြိုင်နက်တည်းသုံးစွဲသူတွေကို 1Gbps ဒေတာပေးပို့ တဲ့နှုန်းထားကို ကန့် သတ်မထားဘဲ lower latency နဲ့ နေရာတိုင်းမှာ လိုင်းမိပြီး ပိုမိုကောင်းမွန်တဲ့ စွမ်းအင်ထိရောက်မှု ရရှိအောင် လုပ်ထားပါတယ်။ သို့ သော်လည်း သိတဲ့အတိုင်း သုံးစွဲသူတွေအနေနဲ့  ဒီအနေအထားတွေမှာပဲ ရပ်တန့် နေမယ့် အလားအလာမရှိ ပါဘူး။ ဒီတော့ global သုံး 5G စံနှုန်းအနေအထားကို ဆက်သွားရဦးမှာပါ။
အကြီးဆုံး အဟန့် အတားကတော့ နည်းပညာပိုင်းပဲ ဖြစ်ပါတယ်။ သုတေသနပညာရှင်တွေနဲ့ တယ်လီ ကွန်း ကုမ္ပဏီတွေဟာ ဒီ 5G network စံနှုန်းတွေချမှတ်နိုင်ဖို့  နည်းပညာအမျိုးမျိုး နဲ့  ဟာ့ဒ်ဝဲပိုင်း စွမ်းရည်များကို  မြှင့်တင်နေကြဆဲပါ။ မီလီမီတာအရွယ် ရေဒီယိုလှိုင်းတို ဖြန့် ဖြူးမှု နဲ့ အကြီးစား multi-input multi-output (MIMO) hardware သုတေသနဟာ ကိုယ်လိုချင်သလောက် bandwidth ချဲ့ ထွင်နိုင်ဖို့ ရည်မှန်းထားပါတယ်။ Cellular repeater နဲ့ macro-diversity နည်းပညာတွေဟာ ကြီးမားတဲ့ နေရာမျိုးတွေကနေ ဒေတာပေးပို့ တဲ့ bit နှုန်း အမြင့်အတိုင်း မပျက်အောင် ထိန်းသိမ်းရတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ လုပ်နေကြပါတယ်။ ဒါကြောင့်ပဲ ဖုန်းအချင်းချင်း Device-to-Device(D2D) connectivity မှာ သုတေသန လုပ်နေကြတာပါ။ 5G support ပိုင်းကို ဖြည်းဖြည်းချင်းသွားရာမှာ အဆင်ပြေပြေဖြစ်မလားဆိုတဲ့အပိုင်းကလည်း နောက်ပြန်စဉ်းစား စရာတွေ ရှိနေပါတယ်။ ဒါ့ကြောင့်ပဲ စက်မှုလုပ်ငန်းများဟာ LTE Advanced Pro လိုမျိုး standard evolutions တွေဆီ  သွားတာဖြစ်ပါတယ်။
ဒါ့အပြင် 5G spec သတ်မှတ်ချက်တွေဟာ low power internet of things (LoT) deveices တွေ ထောင်နဲ့ ချီပြီး တစ်ပြိုင်နက်တည်း ချိတ်ဆက်လို့ ရအောင် လုပ်ချင်ပါတယ်။ ဒီလို ချိတ်ဆက်မှုကို နေရာအနှံ့ နက်ဝါ့ခ်ချိတ်ခြင်းလို့ ခေါ်ပြီး နက်ဝါ့ခ်ရဲ့ စွမ်းအင်ထိရောက်မှုတိုးတက်အောင် လုပ်နိုင်ပါတယ်။ နောက်တစ်ခုက ဒီဒေတာတွေကို coding လုပ်ခြင်း ၊ ပေးပို့ ခြင်းနဲ့ process အတိုင်း လုပ်ခြင်းနဲ့ အတူ ဒီအချက်အားလုံးကို ပေါင်းပြီး လုပ်လို့ ရအောင်လည်း စဉ်းစားရပါတယ်။ဒီလို အနေအထားတွေ အတိုင်း ဘာ့ကြောင့်ဖြစ်မလာရသေးသလဲ ဆိုတာနဲ့ သုတေသန နဲ့ အခက်အခဲတွေ ဘာကြောင့် ဆက်လုပ်စရာတွေ ရှိနေဆဲ ဖြစ်နေရတာလဲ ဆိုတာကို အတိအကျ စစ်တမ်းထုတ်မရတာ ကိုကြည့်ရပါတယ်။ ဒါဟာ ကုမ္ပဏီတွေအနေနဲ့ သူတို့ ရဲ့ လုပ်ငန်းစဉ်တွေကို ဘယ်လိုချမှတ်ထားသလဲ ဆိုတာ ကြည့်ရအောင်။
ဒါတောင်မှ 5G နည်းပညာနဲ့  ဒီနက်ဝါ့ခ် အမျိုးအစားတွေ ဘယ်လိုပုံရှိမယ်ဆိုတာနဲ့  ပတ်သတ်လို့ developers တွေအကြား ယေဘုယျလက်ခံသဘော တူထားတာ တစ်ခုရှိပါတယ်။ 5G ဟာ ဒေတာတွေကို ပေးပို့ ရာမှာ မြန်နှုန်းပိုမိုမြင့်တဲ့ အရှိန်နဲ့ ပေးဖို့ အတွက် မြင့်မားတဲ့ ရေဒီယိုကြိမ်နှုန်း  တွေကို သုံးရဖို့ ရှိပါတယ်။ Network လိုင်းရောက်ရှိမှုနဲ့ ကွန်ယက်ဖြန့် ကျက်နိုင်မှုမှာ transmitter သေးသေးလေးတွေအများကြီး ပါဝင်မှာ ဖြစ်ပြီး လိုင်းမရနိုင်တဲ့ အကွာအဝေးမျိုးမှာ အလွန် ကြိမ်နှုန်းမြင့်တဲ့ signals တွေကို ပို့ လွှတ်လို့ ရအောင် ဘလောက်အလိုက် လိုင်းမိအောင် လုပ်သွားရ မှာပါ။ သုံးစွဲသူ ဖုန်းတွေမှာဆို 5G စမတ်ဖုန်းတွေအနေနဲ့  အခြေစိုက်လှိုင်းလွှတ်စခန်း အများအပြား ကနေ လိုင်းမိရအောင် ကြီးမားတဲ့ MIMO antenna မျိုးနဲ့ တယ်လီကွန်းအချင်းချင်းချိတ်ဆက်မှုကို သုံး ရပါတယ်။ LTE networks ၊ WiFi data နဲ့ unlicensed spectrum တွေဟာ လုံလောက်တဲ့ လိုင်းမိမှုနဲ့  5G မှာပါတဲ့ မြင့်မားတဲ့ data speed တွေကို ရနိုင်ဖို့ သုံးလို့ ရပါတယ်။

   US Development
5G market ဟာ ကမ္ဘာတစ်ဝန်းမှာ ဘယ်လိုအနေအထားရှိမလဲ ဆိုတာကို အတိအကျ မသိရ  သေးပေမယ့် နိုင်ငံများနဲ့ တယ်လီကွန်းကုမ္ပဏီများဟာ သူတို့ ရဲ့ ပထမဆုံး ခြေလှမ်းတွေကို စတင်နေပါ  ပြီ။
ဇူလိုင်လအစောပိုင်းက Verizon ဟာ သူတို့ ရဲ့ 5G specification အကြောင်း အသေးစိတ်ချပြ ခဲ့တဲ့ ပထမဆုံး US တယ်လီကွန်းကုမ္ပဏီကြီးတစ်ခု ဖြစ်လာပါတယ်။ နည်းပညာပိုင်းပါတဲ့ စာရွက်စာတမ်း  များနဲ့ multi antenna array processing techniques အသစ်အကြာင်း ကုမ္ပဏီရဲ့ စစ်ဆေးမှု ရလဒ်အသေးစိတ်အချက်အလက်များ ၊ တယ်လီကွန်းအချင်းချင်းချိတ်ဆက်မှုနည်းပညာများ နဲ့  ကိုယ်ပိုင် 5G networks တွေထွက်လာဖို့ အတွက် တင်မကဘဲ အခြား တယ်လီကွန်းကုမ္ပဏီများအတွက် ပါ ဘလူးပရင့်တစ်ခုလို သုံးလို့ ရဖို့ မျှော်လင့်ထားတဲ့ 5G data speed မြန်ဆန်ဖို့ အတွက် bandwidth အကျယ် တွေ သုံးစွဲခြင်းကိုလည်း ဖော်ပြထားပါတယ်။
ဒီအဆင့်မှာ သူတို့ ရဲ့ဆက်သွယ်ရေးစနစ်သတ်မှတ်ချက်တွေကို ချပြခြင်းအားဖြင့် Verizon ဟာ ၂၀၂၀ ခုနှစ်လောက်မှာ သုံးဖို့ မျှော်လင့်ထားတဲ့ ကမ္ဘာ့အဆင့် 5G စံနှုန်းများကို သုံးစွဲရာမှာ ရှေ့ဆောင် နည်းပညာကုမ္ပဏီကြီးတစ်ခု ဖြစ်လာဖို့ မျှော်လင့်ရပါတယ်။ တကယ်တော့ Verizon ဟာ ကွဲပြား ခြားနား တဲ့ လမ်းသစ်ထွင်ခဲ့တာပါ။ ဒီတော့ ကုမ္ပဏီအနေနဲ့ ဆက်လက်စမ်းသပ်သွားရဦးမှာဖြစ်ပြီး KT Corporation ၊ Samsung နဲ့ Nokia တို့ အပါအဝင် အဓိက 5G developers တွေနဲ့ လက်တွဲ လုပ်ဆောင် သွားရဦးမှာပါ။ တကယ်တော့ အနာဂါတ် 5G network ကွန်ယက်နည်းပညာရဲ့ တစ်ခြား ကဏ္ဍတွေကို အစိုးရအနေနဲ့ တရားဝင်ကိုင်တွယ်သွားဖို့ ရှိပါတယ်။
ပြီးခဲ့တဲ့ အပတ်က US မှ ဖက်ထရယ်ဆက်သွယ်ရေးကော်မရှင် (FCC) ဟာ စီးပွားရေးလုပ်ငန်း သုံး 5G wireless နည်းပညာ မှာ သုံးဖို့  24 GHz အထက် wireless spectrum bands တွေကို အခမဲ့ ချပေးဖို့ မဲပေးခဲ့ပါတယ်။ ရနိုင်တဲ့ ကြိမ်နှုန်းတွေကတော့ 28 GHz ၊ 37 GHz ၊ 39 GHz နဲ့ 64-71 GHz bands တွေ ဖြစ်ပြီး လိုင်စင်ရ နဲ့ လိုင်စင်မဲ့ spectrum နှစ်ခုစလုံးအတွက် ဖြန့် ကျက်သွားဖို့ ရှိပါတယ်။ အရေးကြီးတာက FCC ဟာ 4G LTE networks တွေမှာ လက်ရှိသုံးနေတဲ့ 5-10 GHz နှုန်းထက် 200 MHz စီရှိတဲ့ ဘလောက်တစ်ခုစီမှာ ဒီလို ကြိမ်နှုန်း band တွေကို နေရာချသွားမှာပါ။ ဒေတာပို့ နှုန်း speed တက်လာအောင်လို့ လက်ရှိသုံးနေတာထက် ဒေတာ bandwidthတွေကို 5G တယ်လီကွန်း carriers တွေအနေနဲ့ ပိုသုံးလို့ ရနိုင်သွားမှာ ဖြစ်ပါတယ်။ ဒီနေ့ ခေတ်မှာ အမြန်ဆုံးဆိုတဲ့ 4G LTE Advanced ပစ္စည်းတွေကို 20 MHz bandwidth အထိပဲ သုံးလို့ ရနိုင်တာဖြစ်ပြီး ဒါတောင်မှ multi-antenna carrier အချင်းချင်း ချိတ်ဆက်တဲ့ နည်းပညာကို သုံးမှ ရနိုင်တာ ဖြစ်ပါတယ်။
အခုလို ကြိမ်နှုန်းမြင့် bands တွေဟာ ပိုမိုမြန်ဆန်တဲ့ ဒေတာပေးပို့ ရယူနှုန်း တက်လာစေပေ မယ့် ဒီနေ့ ခေတ်သုံး ကြိမ်နှုန်းအနိမ့်တွေကြောင့် အဝေးကို ပေးပို့ ရာမှာ မသင့်တော်သလို အဆောက် အဦနဲ့ မြေနေရာတွေကြောင့် အလွယ်တကူ ပိတ်ဆို့ ပြီး လိုင်းမမိ ဖြစ်ဖို့ ရှိပါတယ်။ ဆိုလိုတာက FCC ရဲ့ နောက်ဆုံး ထောက်ခံတဲ့အချက်ကတော့ သုံးလို့ ရတဲ့ 5G bands လှိုင်းတွေကိုပဲ သုံးလို့ ရမယ့် အကန့် အသတ် အနေအထားတစ်ခုအတွက်သာ ဖြစ်ပါတယ်။ တကယ်လို့ FCC သာ 5G အတွက် ကြိမ်နှုန်း အနိမ့် bands တစ်ချို့ ကို အခမဲ့ချမပေးဘူးဆိုရင် ဒီနည်းပညာကို ဖြန့် ချိရာမှာ လုံလောက်တဲ့ လိုင်း ရောက်ရှိရအောင် လှိုင်းလွှတ်တဲ့ ဌာနအသေးစားလေးတွေ အများကြီး သုံးဖို့ နဲ့ လူထူထပ်တဲ့  ဒေသနဲ့ မြို့ ပြတွေမှာ ဈေးနှုန်းကန့် သတ်ပေးဖို့  လိုအပ်ပါတယ်။ ဒီနည်းပညာကို ဖြန့် ချိတဲ့ အစောပိုင်း နှစ်တွေမှာ ကျေးလက်ဒေသတွေမှာတော့ 5G coverage လိုင်းမိဖို့  အလားအလာ နည်းပါတယ်။
တစ်နေ့ တည်းမှာပဲ FCC ဟာ ဖုန်းနက်ဝါ့ခ်လိုင်းအဟောင်းတွေကို တယ်လီကွန်းကုမ္ပဏီတွေ အနေနဲ့ သုံးရလွယ်အောင် ပြင်ဖို ၊့ဖိုက်ဘာကေဘယ်လ် လို ဝိုင်ယာတွေနဲ့ အစားထိုးဖို့ ၊ဒါမှမဟုတ် အလွန်ကောင်းတဲ့ performance ရမယ့် wireless နည်းတွေနဲ့ သုံးပြီး 911 လို မရှိမဖြစ်ဝန်ဆောင်မှုတွေ နဲ့ ကိုက်ညီမှုရှိအောင် လုပ်ဖို့  ဒုတိယမြောက်မဲပေးထားပါတယ်။ အရေးကြီးတာက ဒီလိုလုပ်ဖို့ တယ်လီကွန်း အရင်းအမြစ်ဌာနတွေကို အခမဲ့ လုပ်ခွင့်ပေးပြီး အရင်တုန်းက နှေးကွေးဟောင်းမြင်းတဲ့  ကြေးဝိုင်ယာတွေကို ထိန်းသိမ်းဖို့ ထက် 5G နည်းပညာသစ်တွေမှာ ရင်းနှီးမြှပ်နှံဖို့  ခွင့်ပြုထားမှာပါ။

နောက်တစ်နေ့ မှာ အိမ်ဖြူတော်ဟာ 5G နည်းပညာကို ထုတ်လုပ်သွားဖို့ ဆက်စပ်တဲ့ တစ်ခြား ပရောဂျက်တွေနဲ့ သုတေသနစာတမ်းတွေကို ငွေပင်ငွေရင်းစိုက်ထားတဲ့ အမျိုးသားသိပံ္ပဖောင်ဒေးရှင်း (National Science Foundation) ကနေ ဦးဆောင်တဲ့ သုတေသန စီမံကိန်းအတွက် ဒေါ်လာ သန်း ၄၀၀ ရန်ပုံငွေစိုက်ထူကြောင်း ကြေငြာခဲ့ပါတယ်။
လက်တလောမှာတော့ US ဟာ အစောပိုင်းကတည်းက 5G နဲ့ ပတ်သတ်လို့ ဦးစီးဦးဆောင်ပြု  နေခဲ့တာပါ။ တယ်လီကွန်းကုမ္ပဏီတွေ အနေနဲ့  ဈေးကြီးတဲ့ switch တွေကို သုံးနေတာကြောင့် high-speed hubs အသေးစားတွေနဲ့ လက်ရှိ အဝေးဖြန့် နည်းပညာပိုင်းကို ထပ်ပိုးသွားရမှာပါ။ အချိန် ကာလ အနေနဲ့ Verizon နဲ့ AT&T ကုမ္ပဏီနှစ်ခုစလုံးဟာ ၂၀၁၇ ခုနှစ်ထဲမှာ 5G ကိုစမ်းသပ် အသုံးပြုသွားပြီး ၂၀၂၀ မှာဆို ဈေးကွက်ဝင် လုပ်ငန်းသုံးအနေအထားကို ပထမဆုံးသွားလို့ ရအောင် လုပ်သွားမယ်လို့  ဆိုထားပါတယ်။
            Global Plans
ကမ္ဘာ့တစ်ခြားနေရာတွေဟာ US ကနေ 5G network ကို ပထမဆုံး ထုတ်လုပ်ဖြန့် ချိသွားမယ့် အချိန်ကို စောင့်နေတာမဟုတ်ဘဲ တစ်ကမ္ဘာလုံးအတိုင်းအတာ နဲ့ လုပ်ဆောင်နေကြတာပါ။ ဂျပန်နိုင်ငံ ရဲ့ NTT DoCoMo ကုမ္ပဏီဟာလည်း လက်တလောမှာတော့ high speed data ပို့ လွှတ်နိုင်ဖို့အတွက် millimeter wave spectrum အသုံးပြုမှုကို သုတေသနပြုနေပြီး ပြီးခဲ့တဲ့နှစ်က စမ်းသပ်အမြန်နှုန်း အနေနဲ့  3.6 Gbps ရောက်ရှိခဲ့တဲ့ 5G စမ်းသပ်ချက်ကို ပြီးခဲ့တဲ့ နှစ်နှောင်းပိုင်းက ပြုလုပ်ခဲ့ပါတယ်။  တောင်ကိုရီးယားနိုင်ငံမှ KT Corporation ကတော့ သူ့ ရဲ့ စံချိန်စံညွှန်းကို Verizon နဲ့ နီးစပ်အောင် လုပ်ဆောင်ထားပြီး Pyeongchang မှာ ၂၀၁၈ အိုလံပစ် အတွက် 5G နည်းပညာကို အချိန်ကိုက်ပွဲထုတ် သွားဖို့ စီစဉ်ထားပါတယ်။
တရုတ်နိုင်ငံလည်း ဒီပွဲ ပါဝင်လာပါတယ်။ နိုင်ငံထဲမှ တယ်လီကွန်း သုတေသန အကယ်ဒမီ (Academy of Telecommunications Research) ဟာ ဒီ 5G စမ်းသပ်ချက်ပေါ်မှာ လွန်ခဲ့တဲ့ သုံးနှစ် ကတည်းက သုတေသနပရိုဂရမ်ပေါ် အာရုံစိုက်ခဲ့တာပါ။ UK မှာတော့ University of Surrey မှာ 5G Innovation Center ကိုဖွင့်လှစ်ခဲ့ပြီ့း University of Cambridge မှာတော့ 5G Mobile and Wireless Communication Technology ဆိုတဲ့ ဘာသာရပ်တစ်ခုနဲ့ ပထမဆုံး စာအုပ်ကို ထုတ်ဝေခဲ့ပါတယ်။ UK အစိုးရဟာ ၂၀၂၂ မှာ နောက်မျိုးဆက် တယ်လီကွန်း ဆက်သွယ်ရေးမှာသုံးဖို့ အတွက် 750 MHz ရှိတဲ့ public spectrum တစ်ခုကို အခမဲ့လွှင့်တင်သွားဖို့ စီစဉ်ထားပြီး ဒီအတွက် သုတေသနနဲ့ ဖွံ့ ဖြိုးမှုမှာ ဘဏ္ဍာရေးတစ်ချို့ ကို ဘေးကန့် ထားပါတယ်။


ဒီအခြေအနေဟာ ဥရောပတိုက်အတွင်းပိုင်းမှာတာ့ နည်းနည်းပိုပြီး ရှုပ်ထွေးနေပါတယ်။ Nokia ၊ Vodafone ၊ BT နဲ့ Deutsche Telekom လို တယ်လီကွန်းကုမ္ပဏီ ၂၀ ဟာ လာမယ့် ၂၀၁၈ မှာ 5G နည်းပညာထဲ တပျော်တပါး ရင်းနှီးမြှပ်နှံသွားဖို့ ရှိနေတယ်လို့  ဖော်ပြထားပါတယ်။ ဒါပေမယ့်လည်း ဒါဟာ ကွန်ယက်နည်း ဥပဒေတွေ ထွက်လာပြီးမှ မြှပ်နှံသွားဖို့ ရှိပါတယ်။ ဒီအဖွဲ့ ဟာ ဥပဒေအတည်တကျ ထွက်ရှိလာတဲ့အခြေအနေပေါ် မူတည်ပြီး 5G နည်းပညာတွေထဲ ရင်းနှီးမြှပ်နှံမှုတွေ လုပ်ရာမှာ အကျိုး အမြတ်ကို ကြည့်သွားဖို့ ရှိပါတယ်။ ဥရောပကော်မရှင်အဖွဲ့ ရဲ့ အဆုံးအဖြတ်ပေါ်မူတည်ပြီး ဥရောပတလွှား နိုင်ငံများအတွက် 5G ရမယ့် အချိန်ကာလ ကွဲပြားမှုတွေ ရှိနိုင်ပါတယ်။
သုံးစွဲသူများနဲ့ ကွန်ယက်ပိုင်းအတွက် တက်ကြွလှုပ်ရှားသူတွေဟာ ဒီတယ်လီကွန်းကုမ္ပဏီတွေ ရဲ့ ဝေဖန်မှုတွေကို သိပ်ဂရုစိုက်သွားမယ့် ပုံမရှိပါဘူး။ ဒါပေမယ့်လည်း 5G networks တွေရဲ့ စီးပွားရေးနဲ့  ပတ်သတ်လို့ စိတ်ဝင်စားစရာတွေကတော့ ရှိထားပါတယ်။ ဒီနေ့ ခေတ်မှာဆို 4G တယ်လီကွန်းကုမ္ပဏီ များဟာ ဒေတာ 1 GB ကို ခန့် မှန်းခြေတစ်ဒေါ်လာ ကုန်ကျပြီး 5G ဟာ transmitters cells သေးသေး  လေးတွေ အများကြီးကို လိုအပ်ပြီး သုံးစွဲသူတွေအနေနဲ့ ရုပ်ထွက်မြင့်မားတဲ့ ဗွီဒီယိုလို ဒေတာတွေကို သုံးမယ်ဆိုရင် ဒီကုန်ကျစရိတ်တွေဟာ အလွန်ကို များပြားလာဖို့ ရှိပါတယ်။ဒီတော့ ဒီနေ့ သုံးနေတဲ့ 4G LTE နဲ့ နောက်လာမယ့် မိုဘိုင်းလ်နက်ဝါ့ခ်မျိုးဆက်ဟာ စီးပွားရေးအရ အတော်လေး ကွဲပြားသွားမယ့်ပုံ ရှိပါတယ်။
လုပ်စရာတွေကတော့ အများကြီးပါပဲ။5G networks ကို လက်တွေ့ မသုံးရသေးခင် အစိုးရပိုင်းရော တယ်လီကွန်းနဲ့ ဟာ့ဒ်ဝဲလ် ထုတ်လုပ်သူ တွေနှစ်ဦးနှစ်ဖက်လုံးကပါ လုပ်ရမယ့်အလုပ်  တွေ ရှိနေပါတယ်။ 5G ကို အကောင်အထည်ဖော်ခြင်းမှာ မူဝါဒရေးဆွဲတဲ့သူတွေ နဲ့ နည်းပညာ ကုမ္ပဏီ တွေနှစ်ဦးအကြား သဘောတူညီမှုတွေလိုအပ်ပြီး နောက်ဆုံးပိတ်ရလဒ်ကတော့ ပိုမို မြန်ဆန်တဲ့ ဒေတာ ပို့ ပေးမှုနဲ့ devices တွေ များသထက်များအောင် ချိတ်လို့ ရနိုင်ဖို့ bandwidth တိုးချ သွားဖို့ ပဲ ဖြစ်ပါတယ်။
ဝိုင်ယာလက်ဆက်သွယ်ရေးရဲ့ နောက်မျိုးဆက်ဟာ ၂၀၂၀ မတိုင်ခင် သုံးစွဲသူများလက်ဝယ် အရောက် ပို့ ပေးသွားမှာပါ။ USA လို နိုင်ငံကြီးများကတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျယ်ကျယ်  ပြန့် ပြန့် ဖြန့် ဖြူးသွားဖို့ ဆိုတာ အချိန်အနည်းငယ်ပိုပြီး ယူရမှာပါ။
Wai Lin Aung (Myanmar Mobile App)

No comments:

Post a Comment