Thursday, July 28, 2016

ကင်မရာ ၂ လုံးပါတဲ့ Xiaomi Redmi Pro ကိုမိတ်ဆက်ပြသ

ဈေးနှုန်းချိုသာပြီး အရည်အသွေးကောင်းတဲ့ ဖုန်းနဲ့ Tablet တွေကြောင့် XiaoMi က လူသိများလာပါပြီ။ သူတို့ရဲ့  ထုတ်ကုန်တွေကို လူအများ စိတ်ဝင်တစားနဲ့ အဆင့်မြင့်လာအောင် လုပ်ဆောင်နေပါတယ်။ XiaoMi ရဲ့ နောက်ဆုံးထွက် SmartPhone များကို ယနေ့ တရုတ်နိုင်ငံ ဘေကျင်းမှာ ကျင်းပခဲ့တဲ့ ပွဲမှာ ထုတ်ဖော် ပြသခဲ့ပါတယ်။ အခု RedMi Pro အကြောင်း အသေးစိတ် ရှင်းပြမှာပါ။



RedMi Pro ရဲ့ Body ကိုတော့ Metal နဲ့ တည်ဆောက်ထားပြီး 2.5D Glass နဲ့ 5.5-inch Full HD OLED Display ကို ကာကွယ်ပေးထားပါတယ်။ ယခင် အသုံးပြုခဲ့တဲ့ IPS LCD Display တွေထက် OLED Display ရဲ့ ရုပ်ထွက်အား နဲ့ အရောင်အသွေး စိုပြေမှု ဟာ User တွေကို သေချာပေါက် စိတ်ကျေနပ်စေမှာ အသေအချာပါဘဲ။

Redmi Note 3 လို Fingerprint Scanner ကို အနောက်မှာ မထားတော့ပါဘူး။ Fingerprint ကို Display အောက်က Home Button ထဲကို မြုပ်ထည့်လိုက်ပါပြီ။
ဖုန်း အနောက်ခြမ်းမှာပါတဲ့ Camera ၂ခုပါတဲ့ Dual Camera System ဟာ XiaoMi ဖုန်းတွေအတွက် ပထမဆုံးဖြစ်ပြီး Mi Fan တွေအတွက်တော့ သေချာပေါက် နှစ်သက်မိမှာပါ။




Dual Camera System မှာ Primary Camera ကတော့ 13MP ဖြစ်ပီး Secondary Camera ကတော့ 5MP ဖြစ်ပါတယ်။ Primary Camera မှာပါတဲ့ Field Image Sensor နဲ့ DSLR Bokeh effect ကို ရိုက်နိုင်တယ်လို့ XiaoMi ကတော့ ကြုံးဝါးထားပါတယ်။ ဒီလို effect မျိုးကတော့ အထူးအဆန်းမဟုတ်တော့ပါဘူး… HTC ဖုန်းတွေမှာလည်း အရင်ကတည်းက ရပါတယ်။

Redmi Pro ကို 32GB, 64GB နဲ့ 128GB ဆိုပြီး သုံးမျိုးထုတ်မှာပါ။
32GB နဲ့ 64GB ကို RAM 3GB တပ်ဆင်ထားမှာပါ။ 128GB ကိုတော့ RAM 4GB နဲ့ လာမှာပါ။
64GB နဲ့ 128GB ကတော့ MediaTek Helio X25 64-bit deca-core processor ကို အသုံးပြုထားပြီး 32GB ကတော့ MediaTek Helio X20 deca-core processor ကို တပ်ဆင်ထားပါတယ်။



အခြား ကျန်တဲ့ Hardware တွေကတော့ အားလုံး တူတူပါဘဲ။ အားသွင်းဖို့ USB Type-C ကို အသုံးပြုထားပါတယ်။ Dual SIM အသုံးပြုနိုင်ပြီး Secondary SIM Slot ကို Micro SD Card ထည့်သုံးပြီး အသုံးပြုနိုင်ပါတယ်။ Battery 4,050 mAh ကတော့ အားရစရာကောင်းလှပါတယ်။ Fast Charging Function လည်းပါဝင်လာမှာ ဖြစ်ပါတယ်။ Redmi Pro ကို Android 6.0.1 Marshmallow ပေါ်အခြေခံထားတဲ့ MIUI 8 OS နဲ့ လုပ်ဆောင်မှာဖြစ်ပါတယ်။
ဈေးနှုန်းများကတော့
32GB = 225$ (၂သိန်း၆သောင်းကျပ် ၀န်းကျင်)
64GB = 255$ (၃သိန်းကျပ် ၀န်းကျင်)
128GB         = 300$ (၃သိန်းခွဲကျပ် ၀န်းကျင်)

Nay Lin Aung (Myanmar Mobile App)


No comments:

Post a Comment